မွန်ရိုးရာမြေ၀ိုင်းအက
မြေ၀ိုင်းအကကို မွန်လို ဖူးဝါးစမားကွက် လို့ခေါ်ပါသည်။ မွန်ရိုးရာမြေ၀ိုင်းအကသည် ဟံသာဝ တီပြည့်ရှင် မွန်ဧကရာဇ်မင်းများလက်ထက်ကတည်းက အလွန်ခေတ်စားခဲ့ပါသည်။ မြေ၀ိုင်းအကတွင် အကြောင်းအရာတစ်ခုကို တေးသီချင်းအဖြစ်သီကုံးဖွဲ့နွဲ့ပြီး မိန်းခလေးနှင့် ယောင်္ကျားလေးတို့ တစ် ယောက်နှင့်တစ်ယောက် အပြန်အလှန်စကားနာထိုးရင်း သီဆိုပြိုင်ဆိုင်ကပြကြတဲ့ ကချိုးဖြစ်ပါသည်။
မြေ၀ိုင်းအကကို ရပ်ရွာအတွင်းရှိ လူပျိုနှင့်အပျို (သို့) အပျိုနှင့်လူအို လူပျိုနှင့်အအိုတွေကို မင်း သားနှင့်မင်းသမီးအဖြစ် သဘောထားပြီး အတွဲလိုက်ကကြတာပါ။ မြေ၀ိုင်းအကတွင် မွန်လူမျိုးတွေရဲ့ ကကွက်(၁၂)ကွက်ထဲမှ တိမ်ညင်ဆိုတဲ့ကကွက်သည် အရေးအကြီးဆုံးနှင့် အကအများဆုံးကကွက် ဆန်းတစ်ခုဖြစ်ပါသည်။ တိမ်ညင်ကကွက်တွင် လူပျိုကအပျိုကိုပိုးပန်းသောအခါ ကြက်ဖတစ်ကောင်က ကြက်ပျိုမလေးအား လိုက်လံဆွဲဆောင်သကဲ့သို့ အတုယူပြီးဆန်းသစ်ထားသော ကကွက်တစ်ခုဖြစ်ပါ သည်။ ကကွက်တွင် မင်းသားရဲ့ လက်တစ်ဖက်ချထားပြီး မင်းသမီးနားရစ်ဝဲတယ်။ မင်းသမီးက လက် တစ်ဖက်နဲ့ပုတ်ထုတ်ပုံက ကြက်ပျိုမကဲ့သို့ပါပဲ။ မြေ၀ိုင်းအကတွင် လူရွှင်တော်များလည်းပါဝင်ပါသည်။ မင်းသားဘက်မှ လူရွှင်တော်နှင့် မင်းသမီးဘက်မှ လူရွှင်တော်ဆိုပြီး အချိုးညီညီပါဝင်ပါသည်။ လူရွှင် တော်များ (၆)ယောက်အထိ ပါဝင်နိုင်ပါသည်။ လူရွှင်တော်ရဲ့ လုပ်ကွက်ကတော့ မင်းသားမင်းသမီး ဘက်မှ မည်သို့တော်ကြောင်း မည်သို့ကောင်းကြောင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အခြေအ တင် ဟာသနှောပြီး အမွှန်းတင်ပြောဆိုကြပါသည်။ အောင်သွယ်တော်သဘောသက်ရောက်ပါသည်။ စကားပြောတဲ့အခါတွင်လည်း ကဗျာလင်္ကာ သံပေါက်စာများဖြင့် အချိတ်ဆက်မိမိ စည်းဝါးကိုက်စွာ ပြောဆိုကြပါတယ်။ လက်အမူအယာဖြင့်လည်း မထိတစ်ထိဟန်ပန်ဖြင့်ကကြပါတယ်။ မြေ၀ိုင်းအက တွင် မိမိပြောလိုသောစကားကို အချိန်တိုတိုအတွင်း ကဗျာလင်္ကာ သီချင်းလိုဖွဲ့နွဲ့ပြီး စည်းဝါးကိုက်စွာ ပြောဆိုရပါသည်။ နှစ်ဖက်လုံးညီညာစွာတုံပြန်ချေပမှသာလျှင် ကြည့်လို့ကောင်းပါတယ်။ ညဏ်ရည် ကောင်းသူ ဖြတ်ထိုးညဏ်ကောင်းသူ စူးစမ်းလေ့လာမှုရှိသော လူငယ်အတွဲဆိုပါက တ၀ါးဝါးတဟား ဟားနဲ့ အရမ်းကိုကြည့်ကောင်းလှပါတယ်။
မြေ၀ိုင်းအကကို ရိုးရာပွဲတော်များကျင်းပချိန်နှင့် (၁၂)လရာသီပွဲတော်များ စသည့်နေ့ထူးနေ့ မြတ်များတွင် ကပြကြပါတယ်။ မြေ၀ိုင်းအကတွင် ရပ်ရွာရှိသူ့ဖက်ကိုယ့်ဖက် သူ့လူကိုယ့်လူနှင့် အားပေး ပုံက ကပြကြသူများအပြင် အားပေးကြသူများပါ မျက်နှာထိမျက်နှာထားဖြင့် အရမ်းကိုအသက်ဝင်လှပါ သည်။ မြေ၀ိုင်းအကကို အခုခေတ်မွန်တို့ငှါနေကျေးရွာများအပြင် ပဲခူးနှင့် မြစ်ဝကျွန်းပေါ်အချို့ဒေသ များတွင်ပါ ပျော်ပွဲရွှင်ပွဲတစ်ရပ်အနေဖြင့် ကျင်းပကြပါတယ်။ မြေ၀ိုင်းအကကို ရှေးတုန်းက မီးတုတ်ကိုင် ပြီးကကြပါတယ်။ တဖြည်းဖြည်းခေတ်ပြောင်းလာသောအခါ အောက်လင်းဓါတ်မီးကိုင်ပြီး ကလာကြပါ တယ်။ မြေ၀ိုင်းအကတွင် တွဲပြီးတီးမှုတ်ရတဲ့ တူရိယာပစ္စည်း(၇)မျိုးအထိရှိပါတယ်။ မိချောင်းတူရိယာ ဗုံနှစ်လုံးမှငါးလုံးအထိ ထောင်တယော ပုလွေ စည်းဝါး ဗျတ်စောင်းနှင့်လခြမ်းဆိုတဲ့ မောင်း (၁၇)လုံး ကနေ (၁ဂ)လုံးအထိရှိသော တူရိယာတို့ဖြစ်ပါတယ်။ သရုပ်ဆောင်နှင့်တီးမှုတ်မှု ဟန်ချက်ညီညီသက် ၀င်လှုပ်ရှားရင်း ပျော်ရွှင်မြူးစွာ အဖွဲ့လိုက်လှုပ်ရှားပုံက တကယ်ကိုအသက်ပါလှပါတယ်။ တကယ်သာ ဒီလိုပွဲမျိုးကိုကြုံဖူးချင်ရင်ဖြင့် ရာမညတိုင်းငှါနေ မွန်တို့မြေကိုဖြင့် တစ်ခေါက်တစ်ခါဖြစ်ဖြစ်အရောက် လာခဲ့စေချင်ပါသည်။
No comments:
Post a Comment