ကျိုက်သုတ်ဘုရားသမိုင်း
မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်ရပ်ရှိ မြတ်စွာဘုရားရှင်၏ဆံတော်အစစ်များ ကိန်းဝပ်စံ ပ္ပါယ်တော်မှုသည့် ဆံတော်ရှင်ကျိုက်သုတ်စေတီတော်သမိုင်းသည်ကား-
မဟာသက္ကရာဇ် ၁၁၂ခုနှစ်တွင် ဂ၀င်ပသိမထေ၏လျှောက်ထားချက်အရ မြတ်စွာဘုရားရှင် သည် သုဝဏ္ဏဘူမီသို့ ရဟန္တာ(၅၀၀)ခြံရံ၍ ကြွရောက်တော်မူပြီး (၇)ရက်တိုင်တိုင်တရားဓမ္မများ ဟောကြားတော်မှုခဲ့ပါသည်။ မုတ္တမသို့ဒေသစါရီကြွချီတော်မူပြီးနောက် မုတ္တမတစ်ဘက်ကမ်း မော်လ မြိုင်မြို့ရှိ အဇိတနှင့်အဇိန ရသေ့ညီနောင်နှစ်ပါးမှ မြတ်စွာဘုရားအားဖူးမြော် ကန်တော့ရာ ဘုရားရှင်မှ ဆံတော်တစ်ဆူစီ ပေးသနားတော်မူသည်ကို မုန့်မလုပ်မင်းကြီးအမူးပြုပြီး သူဌေးကြီးဦးသောင်းဝဏ္ဏခေါ် ဦးသုတ်မှ စေတီတည်ထားကိုးကွယ်ခဲ့ရာမှ ဆံတော်ရှင်ကျိုက်သုတ်စေတီပေါ်ထွန်းလာခဲ့ခြင်းဖြစ် သည်။ ကျိုက်သုတ်ဘုရားသည် မွန်အသံထွက် ကျိုက်(ဘုရား) စွတ်(ဆံတော်) ဟုအဓိပ္ပါယ်ရပြီး ကျိုက်စွတ် ဟုခေါ်တွင်လာရာမှ ကာလကြာမြင့်လာသောအခါ ကျိုက်သုတ်ဘုရားဟု ခေါ်ဆိုလာခဲ့ခြင်း ဖြစ်ပါသည်။
(ကျိုက်သုတ်စေတီတော်မြတ်ကြီးသည်ညဏ်တော်(၈၀) တောင်မြင့်ပါသည်။)
No comments:
Post a Comment