မော်လမြိုင်တက္ကသိုလ် မိန်းဆောင်နဲ့ အဓိပဓိလမ်းပါ။ မော်လမြိုင်မြို့ အပြင်ဘက် တောင်ဝိုင်းရပ် မော်လမြိုင် လေယာဉ်ကွင်း အနားမှာ တည်ရှိပါတယ်။ မော်လမြိုင်မြို့ထဲနဲ့ ဆိုရင် ၃ မိုင် နီးပါးဝေးတယ်။
၁၉၅၃ - ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်လို့ အခုဆိုရင် နှစ်ပေါင်း ၆၀ နီးပါးလောက် သက်တမ်း ရှိပါပြီ။
စတင်တည်ထောင်စဉ်က ဒီဂရီကောလိပ် အဆင့်ကနေ ၁၉၈၆ - ခုနှစ်မှာ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါတယ်။
တက္ကသိုလ် ဝင်းတစ်ခုလုံးမှာ သစ်ပင်တွေက သိပ်သိပ်သည်းသည်းနဲ့ ရှိနေတဲ့အတွက် အေးချမ်းသာယာလှပါတယ်။ တောင်ဝိုင်းရပ် ဆိုတာကလည်း မော်လမြိုင်မှာ ဒူးရင်း၊ ကျွဲကောစတဲ့ ဥယာဉ်ခြံတွေ အဓိက စိုက်ပျိုးတဲ့ ရပ်ကွက် ဖြစ်ပါတယ်။
ကျောင်းတက်တဲ့နေ့တွေတုန်းက အဓိပဓိလမ်း ဘေးက ရေတမာပင်တန်းမှာ လမ်းလျှောက်ရတာ၊ ခုံလေးတွေမှာ ထိုင်ရတာကို သတိရမိပါတယ်။ စမ်းချောင်းလေးဘေးနားက စန်းရောင်ရှိန်ရယ်၊ မိန်းပောက်ဝက ဝါးရုံပင်တွေနဲ့ လက္ဘက်ရည်ဆိုင်တွေမှာ ထိုင်ရတာလည်း မမေ့နိုင်စရာပါ။ ဟိုတစ်ချိန်တုန်းကတော့ ကျောင်းဝင်းထဲက မိန်းကလေးအဆောင်တွေမှာ အဆောင်သူတွေ နေရသလို ကျောင်းနဲ့ တောင်ဝိုင်း တောင်ညိုတောင်တန်းကြီး ကြားမှာ ယောက်ျားလေးတွေအတွက် ဆယ်မြို့နယ် အဆောင်တွေ ရှိပါတယ်။ တောင်ဝိုင်းဘုရားနဲ့လည်း နီးတာမို့ ကျောင်းကစုံတွဲတွေကတော့ မကြာခဏ ဘုရားဖူးသွားလေ့ ရှိကြပါတယ်။
ဇဝန(ရွှေမြိုင်)

No comments:
Post a Comment