Monday, June 11, 2012


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း စာသား အပြည့်အစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတဦးသိန်းစိန်

ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်

နေပြည်တော် ဇွန် ၁၀

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား

မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှု များ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွား လာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာ ရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။



မိဘပြည်သူများခင်ဗျား

ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန္ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။

ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ဆင်ဖြည့်စွက်အသစ်ပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှုအခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်းမရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။

သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။



မိဘပြည်သူများခင်ဗျား

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။

ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။



မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့ အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။




nty

Myanmar Express မှကူးယူထားပါသည်

အရည်အချင်း မရှိသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အား ရှုတ်ချသင့်

From : မင်းခေါင်

နိုင်ငံတော်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေချိန်တွင် မေလ ၂၈ ရက်နေ့၌ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ မုဒိန်းကျင့်၊ လူသတ်၊ ပစ္စည်းအလုခံရာမှ စတင်ပြီး ဘင်္ဂလာလီကုလားများနှင့် ဒေသခံရခိုင်များအကြား ပြဿနာ စတင်ဖြစ်ပွားခဲ့ပါသည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံရခိုင်လူမျိုးများမှ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် မွတ်ဆလင်ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်ခဲ့ပါတယ်။ တောင်ကုတ်မှာ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့အတွက် ဇွန်လ ၅ ရက်နေ့တွင် ဆူးလေဗလီမှ အစ္စလမ်ဘာသာဝင်တွေက တရားမျှတစွာအရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပါသည်။

၎င်းအဖြစ်အပျက်များဖြစ်ပွားပြီးနောက် ဇွန်လ ၈ ရက်နေ့တွင် မောင်းတောမြို့မှ ဘင်္ဂလီကုလားများသည် ဗလီတက်ချိန်တွင်လူစုပြီး ဗလီမှဆင်းသောအခါ လူအုပ်ဖြင့် မောင်းတောမြို့မှ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မောင်းတောမြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာများကိုလည်း လိုက်လံမီးရှို့ဖျက်ဆီးခဲ့ပါသည်။ ဘင်္ဂလီကုလားများသည် ရခိုင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မွတ်စလင်ကုလားမှ လွဲပြီး ကျန်လူမျိုးအားလုံးအား သတ်ဖြတ်ခဲ့ပါသည်။

ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ခုလိုအကြမ်းဖက်မှုများ ဖြစ်ပွားရခြင်းမှာ အစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဒေါက်တာအေးမောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တွေရဲစခန်းအား ရခိုင်ပြည်သူများမှ ဆန္ဒပြခဲ့ရာမှာ ၀င်ဖြန်ဖြေမှုပြုလုပ်ခဲ့သော်လည်း လူထုကလက်မခံပဲခဲနဲ့ပေါက်ခဲ့သဖြင့် ရဲစခန်းစားပွဲခုံအောက်တွင် ၀င်ပုန်းနေရ ကြောင်း မျက်မြင်များကပြောကြားခဲ့ပါသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ၀န်ထမ်းအဖွဲ့များ ချုံ့ခြင်း၊ ချဲ့ခြင်း၊အသစ်ဖွဲ့ခြင်းများအား စနစ်တကျပြုရေး အဆိုကိုတင်သွင်းခဲ့ပါသည်။ ၎င်းအဆိုတွင် မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီလမ်းစဉ်အား ဦးတည်လျှောက်လှမ်းနေသဖြင့် ရဲတပ်ရင်းများအား လျော့ချပေးစေလိုကြောင်းတင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက် အား မကွေးတိုင်းမဲဆန္ဒနယ်မှ ဦးလှဆွေမှ ဘူးသီးတောင်-မောင်းတောဒေသသည် ဘင်္ဂလီလူမျိုးများ ၀င်ရောက် ကျူးကျော်နေသဖြင့် တားဆီးရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ရဲတပ်ရင်းများ တိုးချဲ့ထားရှိကာ တားမြစ်ရမှာ ဖြစ်ကြောင်း၊ ကျူးကျော်မှုများအား မတားဆီးနိုင်ပါက ရခိုင်ပြည်နယ်သည် ကုလားပြည်နယ်ဖြစ်သွားမှာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါသည်။ အဆိုပါဒေါက်တာအေးမောင်၏ တင်ပြချက်အား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိခဲ့ပါသည်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် အဆင့်လိုက် ဖြေရှင်း ဆောင်ရွက်ရပါသည်။ မြို့ပြအုပ်ချုပ်ရေးတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ရဲတပ်ဖွဲ့မှ ကာကွယ် စောင့်ရှောက်ပေးရပြီး ရဲများမှ မထိန်းသိမ်းနိုင်မှသာ မြို့ပြအုပ်ချုပ်ရေးမှ တဆင့် စစ်တပ်အား အကူအညီ တောင်းဆိုမှသာ မလွဲမရှောင်သာ ၀င်ရောက်ထိန်းသိမ်းပေးရခြင်းဖြစ်သည်။ စစ်တပ်၏ သဘောသဘာဝအရ မြို့ပြ အုပ်ချုပ်ရေးနှင့် ကင်းကင်းရှင်းရှင်းနေရပါသည်။ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ၊ အစိုးရနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

ဒေါက်တာအေးမောင်မှ ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းမှာ အစိုးရကြောင့်သာ ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲပြောဆိုနေသည်ကို တွေ့ရပါသည်။ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခန့်က Eleven Media Group နှင့်တွေ့ဆုံစဉ် ဒေါက်တာအေးမောင်မှ နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲအပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေလက်ထဲ အပ်ဖို့လိုတယ် စသည်ဖြင့် ပြည်ထောင်စုပြိုကွဲစေရန်အတွက် ရည်ရွယ်သော စကားများကို ပြောဆိုပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ပါသည်။ ၎င်းစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ မှ ပြည်ထောင်စုမပြိုကွဲရေး အတွက် နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့်နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်နဲ့ ကိုက်ညီမှုမရှိပဲ တရားလက်လွတ်ပြောဆိုနေခြင်းဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာအေးမောင်မှ မိမိရပ်ကွက်၊ ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုတယ် ဟုပြောကြားခဲ့ပါသည်။ ၎င်းပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ပုဒ်မ ၃၃၈ တွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။ နိုင်ငံအ၀န်း နယ်စပ်ဒေသအပါအ၀င် လိုအပ်သောနေရာဒေသများတွင် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များကိုလည်း ဥပဒေနဲ့ အညီဖွဲ့စည်းပေးပြီး နယ်မြေဒေသလုံခြုံရေးကို ဆောင်ရွက်ပေးလျှက်ရှိသည် ဟုပြဋ္ဌာန်းထားပါသည်။ ဒေါက်တာအေးမောင် ပြောဆိုခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆိုသောအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါဝင်သော တပ်မတော်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီး ပြောဆိုခြင်းသာဖြစ်သည်။

ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ ဖွဲ့စည်းပုံအခြေခံဥပေဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည့်အလျောက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် များကို ဆန့်ကျင်ပြီး ပြည်ထောင် စုပြိုကွဲအောင်၊ ပြည်ထောင်စုကြီး အတွင်းမှ ပြည်နယ်များခွဲ ထွက်အောင် လှုံ့ဆော် ဆောင်ရွက်နေသူများကို ရှုတ်ချရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။