Thursday, November 22, 2012



ဓူဝံစာပေမှ ဦးဝင်းချိုက မော်လမြိုင်မြို့တွင် ကျင်းပသော စာပေဟောပြောပွဲသို့ တက်ရောက် ဟောပြောပေးရန် ဒီဇင်ဘာလဆန်းတွင် အကြောင်းကြားလာပါသည်။ ဘယ်သူခေါ်ခေါ် ငြင်းလေ့မရှိသော ကျွန်တော်က အလွယ်တကူပင် ခေါင်းညိတ် လိုက်ပါသည်။
ဦးဝင်းချိုက ဆက်ပြောသည်။ စာရေးဆရာတွေ အများကြီးပါမှာတဲ့။ ဘယ်သူတွေ၊ ဘယ်သူတွေနဲ့ မတွဲချင်ဘူးလဲတဲ့။ သူများတွေတော့ မသိပါ၊ ကျွန်တော်ကတော့ ဘယ်သူနဲ့မှ တွဲချင်သည်၊ ဘယ်သူနှင့်ဆို မတွဲချင်ဘူးဆိုတာ မရှိပါ။ လူတိုင်းနှင့် တွဲနိုင်ပါသည်ဟုသာ ပြန်ဖြေလိုက်ပါသည်။  ဟုတ်ကဲ့... ချိတ်ချိတ်ချင်းသာ ချိတ်လို့ရပါသည်။ ကျွန်တော်က ချိတ်မဟုတ်ပါ။ (အလွန်ဆုံးမှ ပင်အပ်သာ ဖြစ်ပါလိမ့်မည်။)
သည်တော့ ဦးဝင်းချိုက ဆရာမမြနှောင်းညိုနှင့်တွဲရန် ပြောပါသည်။ ဆရာမမြနှောင်းညိုနှင့် အတူ မဟောဖူးသော်လည်း အေးချမ်းသော ဆရာမကို ကျွန်တော်ခင်မင်ရင်းစွဲရှိနှင့်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဒီဇင်ဘာ ၃၀ ရက်ဆို ရပါတယ် ဦးဝင်းချိုဟု ကျွန်တော် ပြောလိုက်ပါသည်။
ဦးဝင်းချိုက ထိုစာပေဟောပြောပွဲကို အကြီးအကျယ် ကျင်းပမည့်အကြောင်း ပြောသေးသော်လည်း စိတ်ထဲတွင် ခပ်ပေါ့ပေါ့သာပင်။ သွားနေကျ စာပေဟောပြောပွဲတွေထဲက တစ်ပွဲဟုသာ တွေးထားလိုက်မိပါသည်။ စာအုပ်ဈေးပွဲတော်ပါ တွဲဖက် ကျင်းပမည့် အကြောင်းလည်း ပြောသည်။ ကျွန်တော့်စာအုပ်တိုက်က ထုတ်သော စာအုပ်တွေပါ ဓူဝံစာအုပ်တိုက်က ရောင်းချပေးမည့် အကြောင်း ပြောသည်။ အကျိုးအမြတ် မယူပါဟုလည်း ဆိုသည်။ သည်အထိလည်း ကျွန်တော်မရိပ်မိသေး။
နောက်ကျတော့ ဆရာမဂျူးလည်း ကျွန်တော်နှင့်အတူ ဟောပြောမည် ဖြစ်ကြောင်း ပြောလာပြန်ပါသည်။ မူလက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဆရာမဂျူး ဟောပြောရန် စီစဉ်ထားသော်လည်း အကြောင်းကြောင်းကြောင့် ၃၀ ရက်နေ့တွင်မှ ဆရာမက လိုက်ပါနိုင်မည့်အတွက်ဟု ဆိုသည်။ ဒါလည်း ပြဿနာမရှိပါ။ ဆရာမဂျူးနှင့်လည်း ခင်မင်ရင်းစွဲ ရှိပြီးဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဦးလေးတာ (ဆရာကိုတာ)၏ ဖိတ်ကြားချက်ဖြင့် ဦးလေးတာ၏ ပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းမှ ၀န်ထမ်းများအား ချောင်းသာတွင် အတူဟောပြောပေးခဲ့ကြဖူးပြီးလည်း ဖြစ်သည်။
သည်လိုနှင့် ကျွန်တော်တို့ကို မော်လမြိုင် အရောက် ပို့ဆောင်ပေးမည့် ကားဆရာကို ကျွန်တော့်အိမ် လိုက်ပြသည်။ ကျွန်တော့်ကို အရင်လာကြိုမည်။ ပြီးလျှင် ဆရာမမြနှောင်းညိုကို သွားကြိုပြီး မော်လမြိုင်သို့ ထွက်ခွာရန် ဖြစ်သည်။ ဆရာမဂျူးက သူ့မိတ်ဆွေများနှင့်အတူ သတ်သတ်လိုက်လာမည်ဟု သိထားပါသည်။ ကျွန်တော်က ကျွန်တော့်အိမ်သူကိုပါ ခေါ်လို့ရမလားဆိုသောအခါ ခေါ်နိုင်ပါသတဲ့။ သူလည်း ထုတ်ဝေသူပဲဆိုတော့ စာပေနယ်ထဲမှဟု ကြံဖန်ပြောလျှင် ရနိုင်သည် မဟုတ် တုံလော။ (သို့သော်ထိုရက်ကျမှ သားတော်မောင်က နေပြည်တော်သို့ သွားလိုက်ပြန်သေးရာ အိမ်မှာ အိမ်စောင့်မကျန်သဖြင့် ကျွန်တော့်ဇနီး မလိုက်နိုင်တော့ပါ။)
သည်လိုနှင့် ဒီဇင်ဘာ ၂၉ ရက် သို့ ရောက်လာသည်။ ညနေစောင်းသည့်တိုင် ကျွန်တော့်ကို ဦးဝင်းချို ဖုန်းမဆက်။ ကားဆရာက မနက်ဖြန် မနက် ၅း၃၀ မှာ ကျွန်တော့်အိမ် ရောက်လာတော့မည်။ ဆရာမမြနှောင်းညို၏ အိမ်ကိုကျွန်တော်မသိ။ ဖုန်းနံပါတ်လည်း မသိ။ ကားဆရာလည်း မသိဟု သိထားသည်။
နေ၀င်ချိန်တွင် ကျွန်တော် မနေနိုင်တော့။ ဦးဝင်းချိုဖုန်းကို ကျွန်တော် ကောက်လှည့်သည်။ ဆက်သွယ်မှုဧရိယာပြင်ပနှင့် တွေ့နေသည်။ သူ့စာအုပ်တိုက်ကို ဆက်သွယ်သည်။ တွေ့သူကို အကျိုးအကြောင်း ပြောပြသည်။ သည်လိုနှင့် ဆရာမ မြနှောင်းညို၏ ဖုန်းနံပါတ်ကို ရသည်။ ကျွန်တော်ပဲ ဆက်လိုက်ပါသည်။ အမျိုးသားတစ်ဦးက ဖုန်းကိုင်သည်။ဆရာမမြနှောင်းညို နေမကောင်းသဖြင့် အိပ်နေကြောင်း ပြောသည်။ ကျွန်တော် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် မည်သည့် ကိစ္စအတွက် ဆက်ကြောင်း ပြောလိုက်သောအခါ ဖုန်းဖြေသူက ဆရာမ နေမကောင်းသဖြင့် မော်လမြိုင်သို့ မလိုက်နိုင်တော့ကြောင်း ဖြေကြားပါသည်။
ကျွန်တော့်မှာ ဖုန်းတွေဝီခေါ်အောင် ဆက်ရပြီ။ ဒါဆို ကားတစ်စီးလုံးက ချောင်နေသည်။ ဆရာမဂျူး က အဖော်တွေနှင့်မို့ လိုင်းကားနှင့် လိုက်မည်ဟု သိထားရရာ သူတို့ကို ထိုကားနှင့်တင်ခေါ်သွားဖို့ စိတ်ကူးရပြီး ဆရာမဂျူးထံ ဆက်သွယ်လိုက်သေးသည်။
ဇာတ်ပေါင်းသော် ၃၀ ရက်နေ့မနက်တွင် ဆရာမဂျူး၊ ကံ့ကော်ဝတ်ရည်စာပေမှ ဒေါ်ဝိုင်းနှင့် ကျွန်တော်တို့ သုံးဦးသား ၁၉၉၀ ပြည့်နှစ်ထုတ် ဆန်နီဆူပါဆလွန်း အငှားကားငယ်လေးဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာခဲ့ကြပါတော့သည်။
ထိုအချိန်အထိလည်း ပေါ့ပေါ့တန်တန်ပင်။ ဖျားစပြုလာသည်ကား မော်လမြိုင်မြို့ထဲ အ၀င်တွင် ဖြစ်သည်။ မြို့အ၀င်မှာတင် ပတ္တူဖျင်ပေါ်တွင် ရောင်စုံရိုက်နှိပ်ထားသော စာပေဟောပြောပွဲ ကြော်ငြာများကို တွေ့လိုက်ရသည်မှ အစပြုသည်။ ဟောပြောမည့် ကျွန်တော်တို့တွေ၏ မျက်နှာပြည့် ဓာတ်ပုံများကို တန်းစီပြီး ပြထားသည်။ စုစုပေါင်း တစ်ဆယ်နဲ့မှ ခြောက်ဦး၏ ပုံများ။
၂၈ ရက်နေ့မှာ နေ၀င်းမြင့်၊ ခင်ခင်ထူး။ ၂၉ ရက်မှာ လှထွန်း (တွံတေး)၊ ကျော်ရင်မြင့်၊ ဦးဘုန်း(ဓာတု)တို့က ဟောပြီးသွားပြီ။ ဆယ်တန်းကျောင်းသားများအတွက် ၃၀ ရက်နေ့ မနက်ပိုင်းနှင့် နေ့ခင်းပိုင်းမှာ လှထွန်း (တွံတေး)၊ ဦးဘုန်း (ဓာတု)၊ ဒေါက်တာမောင်မောင်တင်နှင့် ညွန့်ဝေမိုးတို့က သီးသန့်ဟောပြောသည်ဟု ဆိုသည်။ ပရိသတ်အင်အား မ သေးလှဟုလည်း သိရသည်။ (၃၀ ရက်နေ့ညမှာ ဂျူးနှင့်ကျွန်တော်။ ၃၁ ရက်မှာ ကြည်မင်း၊ ကိုတာ၊ မောင်သာချို။ ၁ ရက်နေ့မှာ ချစ်ဦးညို၊ ဖေမြင့်နှင့် အော်ပီကျယ်တို့ ဖြစ်သည်)
ကျွန်တော်တို့ ဟိုတယ်ရောက်သည်။ ဟိုတယ်ကား အသစ်။ အပျံစား။ မော်လမြိုင် ကျော်ကျော်စာပေမှ ဦးကျော်ကျော်နှင့် မော်လမြိုင်မြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့မှ မောင်ဉာဏ် (မော်လမြိုင်)တို့နှင့် တွေ့ရသည်။ ဆရာမဂျူးတို့က ကမ်းနားလမ်းမှ ဟိုတယ်မှာ တည်းကြမည်။ ကျွန်တော် တစ်ယောက်တည်းသာ ဦးကျော်ကျော်တို့ စီစဉ်ပေးသည့် ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျန်ရစ်သည်။
ညနေ ၆ နာရီလောက်တွင် ဟောပြောပွဲကျင်းပရာ မဟာမြိုင် ပရိယတ္တိ စာသင်တိုက်သို့ ရောက်သွားသည်။ ဆရာမဂျူးက ရောက်နှင့်ပြီး စာဖတ်ပရိသတ်များအတွက် သူ့စာအုပ်များကို လက်မှတ်ထိုးနေလေပြီ။ ကျွန်တော့်ကိုလည်း ထိုနေရာသို့ ခေါ် သွားရာ ကျွန်တော်လည်း လက်မှတ်ထိုးရသည်။ တဖြည်းဖြည်းနှင့် ပရိသတ်က ကြိတ်ကြိတ်တိုးလာသည်။ တိုးတိုးဝှေ့ဝှေ့လေးတွေ ဖြစ်လာသည်။ ဆရာမဂျူးရော၊ ကျွန်တော်ပါ လက်မလည်အောင် လက်မှတ်တွေ ထိုးနေရသည်။ စာအုပ်လေးတွေ၊ ဘယ်ဘက်က ထိုးလာလိုက်၊ညာဘက်က ထိုးလာလိုက်၊ ရှေ့က ရောက်လာလိုက်၊နောက်က ရောက်လာလိုက်။
စာပေဟောပြောပွဲတွင် တချို့စာရေးသူများ ဇာချဲ့တတ်သော ရှေ့နေရေး၊ နောက်နေရေး ပြဿနာ ကျွန်တော့်မှာ မရှိ။ ဆရာမဂျူးကို မေး ကြည့်တော့လည်း သူကလည်း ပြဿနာ မရှိချေ။ ကျွန်တော့်သဘောဟု ဆိုသည်။ သည်တော့လည်း အရှင်းကြီးပေါ့။ ၀ါအရသူက ကျွန်တော့်ထက်ကြီးသည်။ ပရိသတ်အင်အားလည်း သူက ကျွန်တော့်ထက် များသည်။ သည်တော့ သူနောက်မှာ နေတာကပင်သင့်မည်။ ကျွန်တော်ပင်စလိုက်မည်ဟု စီစဉ်သူတွေကို ပြောလိုက်ပါသည်။

သံဃာတော်တွေ အတော်များတာကို သတိထားမိလိုက်သည်။သည်လိုနှင့် အခမ်းအနား စီစဉ်သူထဲမှ တစ်ဦးက ကျွန်တော့်ကိုလာခေါ်လေပြီမို့ ပွဲခင်းထဲသို့ ၀င်လိုက်သည်။

ဟား... ဖျားပြီ။

ပရိသတ်က ကွင်းပြည့်။ ထိုင်ခုံတွေ ခင်းထားသည်။ ထိုင်ခုံအားလုံး လူပြည့်နေသည်။ စုစုပေါင်း ထိုင်ခုံ ၁၈၀၀ ချထားသည်ဟု သိရသည်။ ဆိုင်တွေမှာလည်း လူတွေစည်ကားနေဆဲ။ ပေါင်းလိုက်လျှင် လူ ၂၀၀၀ ကျော်မည်ဟု မှန်းမိသည်။

ကျွန်တော်တုန်သွားသည်။ သည်ပရိသတ်ကို ထိန်းဖို့က တော်တော်တော့ ကြိုးစားရမည်။ တော်ရိလျော်ရိ လုပ်လို့မရတော့။ ကျွန်တော့်မှာ ရှိနေသမျ ဉာဏ်နီ၊ ဉာဏ်နက် သာမက ဉာဏ်ခုနစ်ရောင် ထုတ်သုံးရပေတော့မည်။

ထားပါတော့...
အဓိက ပြောချင်သည်မှာ မော်လမြိုင် စာပေဟောပြောပွဲ၏ သိုက်ဝန်းကြီးကျယ်မှုကို ဖြစ်သည်။ စာပေဟောပြောပွဲကို တစ်နေရာတည်းမှာ ငါးညတိုင်တိုင် ဆက်တိုက်ကျင်းပပြီး စုစုပေါင်း စာရေးဆရာ ၁၃ ဦးက ဟောပြောခဲ့ကြသည်မှာ မြန်မာတစ်ပြည်လုံးတွင် သည်တစ်ကြိမ်မှာ ပထမဆုံးဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။ (အကယ်၍ ဆရာမ မြနှောင်းညိုသာ လိုက်ပါနိုင်ခဲ့မည်ဆိုလျှင် စုစုပေါင်း စာရေးဆရာ ၁၄ ဦးပင် ဖြစ်နေပေလိမ့်မည်။)

ကျွန်တော်တို့၏ သွားရေးလာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးကို စီစဉ်ပေးကြသည်မှာလည်း လိုလေသေးမရှိ။ ဟောပြောအပြီးတွင် မှန်ပေါင်သွင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ကျွန်တော်တို့ကို ချီးမြှင့်သော ''အာပူဇော်ခ''မှာလည်း ခါတိုင်းရနေကျနှုန်းထက် နှစ်ဆဖြစ်နေရာ သည်တစ်ကြိမ် အများဆုံးဟု ဆိုနိုင်ပါလိမ့်မည်။

စာအုပ်ဈေးပွဲတော်အတွက် ဆောက်ပေးထားသော ဆိုင်ခန်းများမှာလည်း အသစ်ကျပ်ချွတ်တွေ၊ သားသားနားနားတွေ။ နဖူးစီးတွေကလည်း ညီညီညာညာ။ ထိုဆိုင်များအတွက် အခွန်အခ ဘာတစ်ခုမှ မကောက်ခံဘဲ အလကားဖွင့်ခွင့်ပေးခဲ့ကြခြင်း ဖြစ်သည်။ သို့ဖြစ်သဖြင့် စာအုပ်တိုက်တွေကလည်း ၁၅ ရာခိုင်နှုန်း ဈေးလျော့ကာ ရောင်းချပေးနိုင်ကြသည်။

ကြည့်လိုက်သောအခါ မတည်ပေးသူများမှာ မြို့မျက်နှာဖုံး စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်နေသည်။ မြို့တွင် သြဇာရှိသော သံဃာတော်များက ကမကထပြုကာ စီစဉ်လိုက်ခြင်းပင် ဖြစ်လေသည်။

အလွန်ပင် မုဒိတာပွားစရာ ကောင်းလှသလို အတုယူစရာလည်း ကောင်းသော ပွဲတစ်ပွဲပင် ဖြစ်သည်။ ဘီလူးကျွန်း နယ်တစ်ဖက်ကမ်းမှ ပရိသတ်များပါ ရောက်ရှိလာအောင် သယ်ယူပို့ဆောင်ပေးကြသလို အခြား ရပ် ကွက်များမှ ပရိသတ်များ အတွက်လည်း အဆင်ပြေအောင် စီစဉ်ပေးခဲ့ကြသေးသည်ဟု ကြားသိရပါသေးသည်။

တစ်ချိန်က မြန်မာနိုင်ငံ၏ တတိယမြို့တော်၊ ယခုသော် စတုတ္ထ မြို့တော်ဟု ခေါ်နိုင်မလား မသိ၊ ထို မြို့ကြီးတစ်မြို့မှ လုပ်ငန်းရှင် စီးပွားရေး သမားတွေ ညီညီညွတ်ညွတ်နှင့် မြို့အတွက် ငွေကုန်ကြေးကျခံကာ အသိပညာ ဖွံ့ဖြိုးရေးအတွက် တစ် တပ်တစ်အား ဆောင်ရွက်ကြသည်မှာ လွန်စွာ ထူးခြားလှပါသည်။ မြန်မာစာပေဟောပြောပွဲ သမိုင်းတွင် အသိုက်မြိုက်ဆုံး အကုန်အကျအခံဆုံး ပွဲတစ်ပွဲ ဖြစ်လာခဲ့သည်ဟု ပြောလျှင် လွန်မည်မထင်ပါ။

အထူးသဖြင့် ညီညွတ်ရေးကို ဝေါဟာရတစ်လုံးအဖြစ် ပြောကောင်းရုံသာ မပြောကြဘဲ တကယ်လက်တွေ့ အကောင်အထည်ဖော်လိုက်ကြသည့် ပြယုဂ်တစ်ခုအဖြစ် ခံစားမိရသလို အခြား မြို့တော်ကြီးများ၊ မြို့ကြီးများ၊ မြို့ငယ်များကလည်း မော် လမြိုင်၏ စံနမူနာကို အတုယူကာ သူ့ထက်ငါ ဆောင်ရွက်ကြိုးပမ်းကြမည် ဆိုလျှင်ဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် အားရစရာ ကောင်းနေတော့မည်မှာလည်း မလွဲပါတည်း။

မော်လမြိုင်ကတော့ သာသွားလေပြီ။ ထို့ကြောင့်...
''သာစွ မော်ရွှေမြိုင်''ဟု ထောမနာ ပြုလိုက်ရလေပြီတကား။

အားလုံး တွေးဆဆင်ခြင် ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် - ၀၂၀၁၁၁)

Monday, June 11, 2012


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း စာသား အပြည့်အစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတဦးသိန်းစိန်

ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်

နေပြည်တော် ဇွန် ၁၀

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား

မိဘပြည်သူများနဲ့ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကိုအခြေခံပြီး ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှု များ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်စွာဖြစ်ပွား လာပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာ ရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။



မိဘပြည်သူများခင်ဗျား

ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှစတင်ပြီး မိဘပြည်သူများရဲ့ အဓိကလိုအင်ဆန္ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကို ဒုတိယ အဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်းအပြန်အလှန် လေးစားမှု ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ် ပါတယ်။

ကျွန်တော်တို့အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ တွေကို ပြင်ဆင်ဖြည့်စွက်အသစ်ပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု အကြမ်းဖက်မှု များ ဖြစ်ပွားလာတဲ့အချိန်ကစပြီး ဖြစ်ပွားရာနေရာများမှာ ချက်ခြင်းတည်ငြိမ် အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြားဆက်စပ်ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်းမရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေအေးငြိမ်းသွားအောင် ကြိုတင်ပြင်ဆင်စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက် ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှုအခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေ များကိုလည်း မိဘပြည်သူများအား အချိန်နဲ့တပြေးညီ ချပြအသိပေးလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ဒီဖြစ်စဉ်များဖြစ်ပွားစကပင် မိဘပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေ အရပ်ရပ်ကျယ်ပြန့် လာခြင်းမရှိနိုင်ဘူးလို့ ယူဆတဲ့အတွက်လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့ အတွက်လည်းကောင်း ယခင်က ရှင်းလင်းပြောကြားမှုမပြုခဲ့ခြင်းဖြစ်ပါတယ်။

သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက် ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန်ပြင်ဆင်ကြိုပမ်းမှုများ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများကပါ သိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ယူဆတဲ့အတွက် ယနေ့ မိဘပြည်သူများကို ယခုလိုရှင်းလင်း ပြောကြားခြင်းဖြစ်ပါတယ်။



မိဘပြည်သူများခင်ဗျား

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ ဘာသာစွဲ တွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင် ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့် ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူး သတိထားကြစေချင်ပါတယ်။

ကျွန်တော်တို့အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေအပေါ်မှာ ဥပဒေနဲ့အညီ ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်သလို ဒီလိုဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်များမှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။



မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့အားလုံး မျှော်မှန်းတည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များဟာ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာဖြစ်ပါတယ်

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာမဟုတ်ပါဘူး၊ ပြည်သူများအပိုင်း ကလည်း အသိတရားနဲ့ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့ အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ မီဒီယာများအားလုံးရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက် ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းအားလုံးတို့က လက်ရှိဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ်အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့်ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများအားလုံး ဘေးဘယာဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေကြောင်းနဲ့ နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းပေါ်ပေါက် လာအောင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ် လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။




nty

Myanmar Express မှကူးယူထားပါသည်

အရည်အချင်း မရှိသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အား ရှုတ်ချသင့်

From : မင်းခေါင်

နိုင်ငံတော်မှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေချိန်တွင် မေလ ၂၈ ရက်နေ့၌ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ မုဒိန်းကျင့်၊ လူသတ်၊ ပစ္စည်းအလုခံရာမှ စတင်ပြီး ဘင်္ဂလာလီကုလားများနှင့် ဒေသခံရခိုင်များအကြား ပြဿနာ စတင်ဖြစ်ပွားခဲ့ပါသည်။ ဒီကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံရခိုင်လူမျိုးများမှ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့တွင် မွတ်ဆလင်ဘာသာဝင် ၁၀ ဦးအား သတ်ဖြတ်ခဲ့ပါတယ်။ တောင်ကုတ်မှာ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့အတွက် ဇွန်လ ၅ ရက်နေ့တွင် ဆူးလေဗလီမှ အစ္စလမ်ဘာသာဝင်တွေက တရားမျှတစွာအရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပါသည်။

၎င်းအဖြစ်အပျက်များဖြစ်ပွားပြီးနောက် ဇွန်လ ၈ ရက်နေ့တွင် မောင်းတောမြို့မှ ဘင်္ဂလီကုလားများသည် ဗလီတက်ချိန်တွင်လူစုပြီး ဗလီမှဆင်းသောအခါ လူအုပ်ဖြင့် မောင်းတောမြို့မှ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး မောင်းတောမြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာများကိုလည်း လိုက်လံမီးရှို့ဖျက်ဆီးခဲ့ပါသည်။ ဘင်္ဂလီကုလားများသည် ရခိုင်ရွာများအား မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မွတ်စလင်ကုလားမှ လွဲပြီး ကျန်လူမျိုးအားလုံးအား သတ်ဖြတ်ခဲ့ပါသည်။

ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်မှ ခုလိုအကြမ်းဖက်မှုများ ဖြစ်ပွားရခြင်းမှာ အစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဒေါက်တာအေးမောင်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်တွေရဲစခန်းအား ရခိုင်ပြည်သူများမှ ဆန္ဒပြခဲ့ရာမှာ ၀င်ဖြန်ဖြေမှုပြုလုပ်ခဲ့သော်လည်း လူထုကလက်မခံပဲခဲနဲ့ပေါက်ခဲ့သဖြင့် ရဲစခန်းစားပွဲခုံအောက်တွင် ၀င်ပုန်းနေရ ကြောင်း မျက်မြင်များကပြောကြားခဲ့ပါသည်။

ဒေါက်တာအေးမောင်သည် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေးတွင် ၀န်ထမ်းအဖွဲ့များ ချုံ့ခြင်း၊ ချဲ့ခြင်း၊အသစ်ဖွဲ့ခြင်းများအား စနစ်တကျပြုရေး အဆိုကိုတင်သွင်းခဲ့ပါသည်။ ၎င်းအဆိုတွင် မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီလမ်းစဉ်အား ဦးတည်လျှောက်လှမ်းနေသဖြင့် ရဲတပ်ရင်းများအား လျော့ချပေးစေလိုကြောင်းတင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက် အား မကွေးတိုင်းမဲဆန္ဒနယ်မှ ဦးလှဆွေမှ ဘူးသီးတောင်-မောင်းတောဒေသသည် ဘင်္ဂလီလူမျိုးများ ၀င်ရောက် ကျူးကျော်နေသဖြင့် တားဆီးရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ရဲတပ်ရင်းများ တိုးချဲ့ထားရှိကာ တားမြစ်ရမှာ ဖြစ်ကြောင်း၊ ကျူးကျော်မှုများအား မတားဆီးနိုင်ပါက ရခိုင်ပြည်နယ်သည် ကုလားပြည်နယ်ဖြစ်သွားမှာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါသည်။ အဆိုပါဒေါက်တာအေးမောင်၏ တင်ပြချက်အား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိခဲ့ပါသည်။

တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် အဆင့်လိုက် ဖြေရှင်း ဆောင်ရွက်ရပါသည်။ မြို့ပြအုပ်ချုပ်ရေးတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ရဲတပ်ဖွဲ့မှ ကာကွယ် စောင့်ရှောက်ပေးရပြီး ရဲများမှ မထိန်းသိမ်းနိုင်မှသာ မြို့ပြအုပ်ချုပ်ရေးမှ တဆင့် စစ်တပ်အား အကူအညီ တောင်းဆိုမှသာ မလွဲမရှောင်သာ ၀င်ရောက်ထိန်းသိမ်းပေးရခြင်းဖြစ်သည်။ စစ်တပ်၏ သဘောသဘာဝအရ မြို့ပြ အုပ်ချုပ်ရေးနှင့် ကင်းကင်းရှင်းရှင်းနေရပါသည်။ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ၊ အစိုးရနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

ဒေါက်တာအေးမောင်မှ ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားရခြင်းမှာ အစိုးရကြောင့်သာ ဖြစ်ပွားခဲ့ရကြောင်း စွပ်စွဲပြောဆိုနေသည်ကို တွေ့ရပါသည်။ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခန့်က Eleven Media Group နှင့်တွေ့ဆုံစဉ် ဒေါက်တာအေးမောင်မှ နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲအပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေလက်ထဲ အပ်ဖို့လိုတယ် စသည်ဖြင့် ပြည်ထောင်စုပြိုကွဲစေရန်အတွက် ရည်ရွယ်သော စကားများကို ပြောဆိုပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ပါသည်။ ၎င်းစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ မှ ပြည်ထောင်စုမပြိုကွဲရေး အတွက် နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့်နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဆိုတဲ့အချက်နဲ့ ကိုက်ညီမှုမရှိပဲ တရားလက်လွတ်ပြောဆိုနေခြင်းဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာအေးမောင်မှ မိမိရပ်ကွက်၊ ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုတယ် ဟုပြောကြားခဲ့ပါသည်။ ၎င်းပြောဆိုချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ပုဒ်မ ၃၃၈ တွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။ နိုင်ငံအ၀န်း နယ်စပ်ဒေသအပါအ၀င် လိုအပ်သောနေရာဒေသများတွင် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များကိုလည်း ဥပဒေနဲ့ အညီဖွဲ့စည်းပေးပြီး နယ်မြေဒေသလုံခြုံရေးကို ဆောင်ရွက်ပေးလျှက်ရှိသည် ဟုပြဋ္ဌာန်းထားပါသည်။ ဒေါက်တာအေးမောင် ပြောဆိုခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆိုသောအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါဝင်သော တပ်မတော်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီး ပြောဆိုခြင်းသာဖြစ်သည်။

ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၈ အရ ဖွဲ့စည်းပုံအခြေခံဥပေဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိသည့်အလျောက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက် များကို ဆန့်ကျင်ပြီး ပြည်ထောင် စုပြိုကွဲအောင်၊ ပြည်ထောင်စုကြီး အတွင်းမှ ပြည်နယ်များခွဲ ထွက်အောင် လှုံ့ဆော် ဆောင်ရွက်နေသူများကို ရှုတ်ချရန် လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

Sunday, December 4, 2011

မွန်တို့ဌာနေ ရာမည


ရွှေမြိုင်မှာပင်နေတော့မယ်

ဦးသိန်းတန် (မြန်မာပြည်) သီချင်းလေးဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ (ရာမညမြေ အလွမ်းပြေ) ဖြစ်စေရန်ဖန်တီးထားခြင်း ဖြစ်ပါသည်။

မဟာစေတီ(ပဲခူး) သမိုင်း



ပဲခူးမြို့မှ အထင်ကရ ဖြစ်သည့် မဟာစေတီ မှာ ဘုရင့်နောင် မင်းတရားကြီး၏ကောင်းမှုဖြစ်သည်။ စေတီတည်ရန်အတွက် ဗညားလော၊ ဗညားဒလ၊ ဗညားပရံ၊ ဗညားကျန်းထော မွန်အမတ်ကြီး လေးဦး၊ သိရီဇေယျ နော်ရထာ၊ သိရီဇေယျကျော်ထင်၊ နေမျိုးကျော်ထင်၊ နန္ဒကျော်ထင် မြန်မာအမတ်ကြီး လေးဦးတို့ကို လူစရိတ်ငွေ ၄၀၀ ပေးကာ စေတီတော်ကြီးတည်မည့်နေရာတွင် မြေရှင်း၊ မြေညှိလုပ်ငန်းများ လုပ်စေသည်။ ကျောက်တူးရန် ငွေ ၄၀၀ ထပ်မံပေးပြီး ကောင်းမှုတော် အနောက်တွင် နန်းပြာသာဒ်ဆောက်ကာ ကိုယ်တိုင်ပင် ကျပ်မတ်ကာ အပြီးတည်လေသည်။ သက္ကရာဇ် ၉၂၁၊ ၀ါဆိုလဆန်း ၅ ရက်၊ ကြာသာပတေးနေ့တွင် စေတီတော်ဖိနပ်ရာအတွက် စတင်တွင်းတူးသည်။ ၀ါခေါင်လပြည့်ကျော် ၂ ရက်၊ ကြာသာပတေးနေ့တွင် ရွှေ၊ ငွေ အုတ်များစီသည်။ ဇောတိယာယံကျောင်းနှင့် ကျောင်းရံပေါင်း ၄၀ စတင်ဆောက်သည်။

နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေနေ့တွင် စေတီတော် ဌာပနာရန် အတွက်ဓာတ်တော်၊ မွေတော်များကို မင်းမျိုးများ၊ မင်းညီမင်းသားများ ကရွှေနန်းတော်မှ ပို့ဆောင်ပွဲကျင်းပသည်။ ထိုနေ့တွင်ပင် ရာဇဒေ၀ီ မိဖုရားမှ သမီးတော်တစ်ပါးဖွားမြင်ရာ ရာဇဓါတုကလျာ ဟုအမည်ပေးလေသည်။

နတ်တော်လပြည့်ကျော် ၂ ရက်တွင် ပွဲသဘင်ကြီးကျင်းပကာ ပထမ ဌာပနာပွဲကြီးကျင်းပသည်။ ထိုမှ အစပြုကာ နောက်၅ လအတွင်း ၅ကြိမ်၊စုစုပေါင်း ဌာပနာထည့်သွင်းပွဲကြီး ၆ ကြိမ်တိုင်တိုင်ကျင်းပသည်။ထိုသို့ဖြင့် ၆ လအကြာတွင် သံတောင် ၁၀၀၊အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။

၉၂၂ ၊ ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲကျင်းပသည်။ မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကို လည်းလှုသည်။ စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိန်သာ ဟုအမည်ပေးသည်။ ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတ၀န်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀၀ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကို ရေှးဆွဲပူဇော်စေသည်။ မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊ ၅ကျပ်နှင့် တစ်မတ်သား တိတိ လှုသည်။ စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှုသည်။

မဟာစေတီ(ပဲခူး)

ကျိုက်ထီးရိုး ဘုရား

ယနေ့ခေတ်အမြင်
ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စသည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားလေသည်။
ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားလေသည်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်။ ဘုရားဖူးများသည် နေနေနားနား တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပေပြီးဖြစ်သည်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြသည်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။

ကိုးကား
  1. ↑ http://www.allmyanmar.com/new%20allmyanmar.com/Kyaiktiyo%20Pagoda.htm
  2. ↑ http://en.wikipedia.org/wiki/Kyaiktiyo_Pagoda
  3. ↑ မြန်မာ ဝီကီပီဒိယ
  4. ↑ http://www.newsfinder.org/site/more/kyaikhtiyo_the_golden_rock_stupa